ဖြူးမြို့တွင် နေအိမ်ခြံဝင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းမှ အပိုဝင်ငွေရ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့၊ နေအိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးဖြစ်သော ကင်ပွန်းချဉ်၊ ဆူးပုတ်၊ ဂွေးတောက်နှင့် ရှောက်ပင်များစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိပါသည်။

      နွေဦးရာသီ ရွက်သစ်များထွက်ချိန်မှစ၍ ယခုအချိန်အထိ ဆူးပုတ်အခက် ၅ခက်ပါ တစ်စည်းလျှင် ၁၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက် အခက် ၅ခက်ပါတစ်စည်းလျှင် ၁၀၀ကျပ်ဖြင့် ဖြူးမြို့စည်ပင်သာယာဈေးသို့ ‌ပေးပို့၍ရောင်းချနေနေပါသည်။

     ထို့တူ ဂွေးတောက်ရွက် ၅ခက်ပါတစ်စည်းလျှင် ၁၀၀ကျပ်၊ ရှောက်ရွက် ၃ခက်ပါ တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့် ရောင်းချရပါသည်။ ယခုကာလတွင် ခြံထွက်ဟင်းရွက်ရောင်းချရာ တစ်နေ့အပိုဝင်ငွေ ကျပ်၁၀၀၀၀ခန့်ရရှိကြောင်း ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)