![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉_5.jpg?itok=lHhlVlyq)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာမှာ ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၇၀ကျပ်နှုန်းဖြင့် ဖွဲနု ၆၀ပေါင်ပါ တစ်အိတ်လျှင် ၁၆၂၀၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုမတ်လ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်ဈေးသို့ ကျဆင်းလျက်ရှိရာ ဖွဲနု (၆၀) ပေါင်ပါ တစ်အိတ်လျှင် (၁၅၉၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသတွင်းဆန်/စပါး ကုန်သည်များထံမှသိရှိရပါသည်။
DOCA(ပဲခူး)