ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပိဿာ( ၂၀ ) ဝင်တစ်တင်းလျှင် အနိမ့်ဆုံး( ၉၅၃၀၀) ကျပ်ခန့်နှင့် အမြင့်ဆုံး (၉၅၉၀၀) ကျပ်ထိရှိပြီး မတ်လ နောက်ဆုံးပတ် အတွင်း၌မူ ပိဿာ(၂၀ ) ဝင်တစ်တင်းလျှင် အနိမ့်ဆုံး (၉၅၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၉၆၇၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ စီးထွက်မှုအနေဖြင့် ဖေဖော်ဝါရီလအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အိတ်လုံးရေ(၁၄၁၄၅၀) ခန့်ထိတင်ပို့နိုင်ခဲ့ပြီး ယခုမတ်လ နောက်ဆုံးပတ်ထိ တင်ပို့နိုင်မှုအိတ်လုံးရေ (၁၄၈၁၀၀) ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)