သရက်မြို့နယ်၏ ပျိုးပင်စိုက်ကြက်သွန်နီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော ရွာသစ်၊ ပျဉ်ထောင်၊မြွေပွေး၊ မင်းတည်း၊‌ ကျောက်အိုင်ကျေးရွာ စသည့်ကျေးရွာများမှ ပျိုးပင်စိုက်ကြက်သွန်နီများလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီလက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၃၀၀)ထိရှိပြီး လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် တစ်ပတ်လျှင် (၂၅)ပိဿာဝင်အိတ်ရေ (၁၂၀၀မှ ၁၅၀၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

      ယခုဧပြီလ(ပထမပတ်)တွင် ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၇၀၀/၁၈၀၀/၂၀၀၀) ဈေးနှုန်းတို့ဖြစ်ပြီး လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် အရွယ်အစားအသေး/အကြီးပေါ်မူတည်ပြီး (၁၃၀၀/၁၃၅၀/၁၄၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ယခင်အပတ်ထက် လက်ကားဈေးနှုန်းမှာ ကျပ်(၁၀၀မှ ၂၀၀) အနိမ့်ဈေးဖြင့် နေ့စဉ်အိတ်ရေ (၁၅၀၀မှ ၁၈၀၀)ခန့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြန်အောင်မြို့၊ ထူးကြီးမြို့များသို့ တင်ပို့ရောင်းချရကြောင်း ကြက်သွန်နီဝယ်ရောင်းပြုလုပ်သူ သရက်မြို့ရှိ ဦးအောင်ဝင်းထံမှသိရှိရပါသည်။ 

DOCA(မကွေး)