“ ဟိန်း ” ဆီစက်သို့ ပေါင်းစပ်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဥမ္မာလင်း(ဦးစီးမှူး)နှင့် ဒေါ်အေးအေးသန့်(အကြီးတန်းစာရေး) တို့သည် ပေါင်းစပ်ဌာနဆိုင်ရာများနှင့် အတူပူးပေါင်းပြီး (၃.၄.၂၀၂၄)ရက်နေ့တွင် ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြိန်းနင်ရပ်ရှိ “ ဟိန်း ”အမှတ်တံဆိပ်ဖြင့် ဆီကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် ဆီစက်လုပ်ငန်းသို့သွားရောက်၍  ဆီလုပ်ငန်းရှင် ဦးစိုင်းခွန်ထီးနှင့်တွေ့ဆုံပြီး လုပ်ငန်းလည်ပတ် နေမှုအခြေအနေများ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှုအခြေအနေများ၊ ဆီထုတ်လုပ်ရောင်းချမှုအမျိုးအစားများ၊ တစ်ရက်ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရောင်းချသည့်ဈေးနှုန်းနှင့်ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံ မှန်ကန်စွာဖော်ပြထားမှု ရှိ/မရှိ  မေးမြန်းရာတွင် လုပ်ငန်းလည်ပတ်နေမှုမှာ ယခင်က တစ်ရက်လျှင် ပျမ်းမျှ(၅)နာရီခန့် လည်ပတ်လျက်ရှိသော်လည်း ယခုတွင် ကုန်ကြမ်းဝယ်ယူမှု အခက်အခဲများကြောင့် စက်လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားထားကြောင်းသိရသည်။

          လုပ်ငန်းရပ်နားထားမှုနှင့်ပတ်သက်ပြီး ကုန်ကြမ်းများကို ယခင်ကမန္တလေးမြို့၊ မိုင်းရယ်မြို့ဘက်မှ ဝယ်ယူစုဆောင်းကြောင်း၊ ယခုအခါကုန်ကြမ်းများကို မန္တလေးမြို့မှဝယ်ယူ၍ မရရှိခြင်း၊ မိုင်းရယ်မြို့မှ ဝယ်ယူရာတွင် လမ်းကြောင်းအခြေအနေများကြောင့် ဝယ်ယူရာတွင် အခက်အခဲများရှိ၍ ဝယ်ယူမရရှိနိုင် ခြင်းဖြစ်ကြောင်းသိရသည်။

          ဈေးကွက်အတွင်း (၁)ပိဿာဗူး၊ (၅၀)ကျပ်သားဗူး၊ (၂၅)ကျပ်သားဗူးဖြင့် အမျိုးအစား(၃)မျိုး‌အား ပုံမှန်ရောင်းချလျက်ရှိပြီး ရံဖန်ရံခါမှာယူသူများရှိပါက (၃)ပိဿာဗူး၊ (၅)ပိဿာဗူး၊ (၁၀)ပိဿာဗူး များကို လည်းရောင်းချလျက်ပေးကြောင်းနှင့် ရောင်းချဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ် ရှိကြောင်းသိရသည်။

          ပုံမှန်အတိုင်းစက်လည်ပတ်ပြီး ဆီကြိတ်ခွဲထုတ်လုပ်ရပါက တစ်ရက်လျှင် ကုန်ချော (၃၀၀) ပိဿာ ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများ မှချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားရှိပါကြောင်း၊ ဆီများကိုသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် ထုတ်ပိုး၍ရောင်းချပေးခြင်းကြောင့် စားသုံးသူများယုံကြည်စိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းကင်း  ဝယ်ယူသုံးစွဲနိုင်ပါကြောင်း သိရသည်။

DOCA(ရှမ်း)