တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိ

Powered by Drupal

          တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ (၃.၄.၂၀၂၄) ရက်နေ့တွင် လားရှိုးမြို့၊ “ မြို့နယ်တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့” ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက လားရှိုးမြို့၊ မိုင်းယော်လမ်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတရားဝင်အထောက်အထားတင်ပြနိုင်ခြင်းမရှိသော GI Pipe ၊ Kitchenware (Steel) နှင့် အခြားပစ္စည်းလေးမျိုးပါ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၀၁၈,၀၀၀ ကျပ်)နှင့် ၎င်းပစ္စည်းများ တင်ဆောင်လာသော Nissan Disel Truck တစ်စီး (ခန့်မှန်းတန်ဖိုး‌ငွေ ၅၅,၀၀၀,၀၀၀ ကျပ်) ကိုလည်းကောင်း၊ GI Pipe နှင့် Kitchenware Steel Bowl (ခန့်မှန်းတန်ဖိုး ၁၇,၇၂၄,၀၀၀ ကျပ်) နှင့် ၎င်းပစ္စည်းများတင်ဆောင်လာသော Hino Profia FW1EXY TRUCK တစ်စီး  (ခန့်မှန်းတန်ဖိုးငွေ ၆၅,၅၀၀,၀၀၀ကျပ်) ကိုလည်းကောင်း၊ GI Pipe နှင့် Kitchenware Steel Bowl (ခန့်မှန်းတန်ဖိုး ၁၇၈,၅၀၀,၀၀၀ ကျပ်) နှင့် ၎င်းပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso FS54JVZ TRUCK တစ်စီး(ခန့်မှန်းတန်ဖိုးငွေ ၃၅,၀၀၀,၀၀၀ကျပ်)  ကိုလည်းကောင်း၊ Scream Brand Sport Drink  နှင့် တရုတ်နိုင်ငံထုတ်မုန့်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေ ၈,၈၅၀,၀၀၀ ကျပ်) နှင့် ၎င်းပစ္စည်းများအား တင်ဆောင်လာသော Hino Ranger FD7JLY Truck တစ်စီး (ခန့်မှန်းတန်ဖိုး ၃၅,၀၀၀,၀၀၀ ကျပ်) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ (၂၅၂,၄၄၂,၀၀၀ ကျပ်) ဖမ်းဆီးရရှိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း “ မြို့နယ်တရားမဝင်ကုန်ပစ္စည်း များတားဆီးရေးအဖွဲ့” မှ သိရှိရပါသည်။

DOCA(ရှမ်း)