ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်(၁၈)ဆိုင်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ (ပထမပတ်)တွင် စားသုံးဆီဈေးနှုန်းများငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဆုံပဲဆီသန့်တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ပဲစက်ကျဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၉၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၇၀၀၀ - ၉၅၀၀ - ၁၂၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၈၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

    ယခင်မတ်လ (ပထမပတ်) နှင့် ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး မြေပဲ/နှမ်းဆီဈေးနှုန်းများမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း ဆီထွက်သီးနှံမြေပဲများမှာ လှိုင်လှိုင်ပေါ်လျက်ရှိသော်လည်း မြေပဲဈေးကွက်မှာ ကျဆင်းခြင်းမရှိ၍ စားသုံးဆီဈေးနှုန်းမှာလည်း ဈေးငြိမ်‌နေကြောင်း မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)