“ထောပတ်ပဲရိတ်သိမ်းပြီးစီးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ရာသီအလိုက် စိုက်ပျိုးသောသီးနှံများအနက် ပဲသီးနှံတစ်မျိုးဖြစ်သည့် ထောပတ်ပဲကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း ထောပတ်စိုက်ဧကအနေဖြင့်ကျောက်ဆည်မြို့နယ်တွင် (၉၈၀)ဧက၊ မြစ်သားမြို့နယ်တွင် (၁၆၀) ဧက၊ စုစုပေါင်း (၁၁၄၀)ဧကစိုက်ပျိုးထားရှိပြီး စိုက်ဧကအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ထောပတ်ပဲစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ် ထောပတ်ပဲစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၇၇၀၀၀/-)ကျပ်၊ ယခုနှစ် ထောပတ်ပဲတစ်တင်းလျှင် (၈၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၆၈၀၀၀၀/-)ကျပ်ရရှိကြောင်း၊ ထောပတ်ပဲရောင်းဝယ်မှုအနေဖြင့် မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်ဖြစ်ထွန်းသော ထောပတ်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)