ပေါ်ဦးပေါ်ဖျား ပြည်ဒေသွက် ဩဇာသီး အရောင်းသွက်

Powered by Drupal

              ဩဇာသီးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် အလေ့ကျရှင်သန်ပေါက်သော အပင်မျိုးဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးသော အပင်လည်းဖြစ်ပါသည်။ ဒေသကိုလိုက်၍ ဩဇာသီး၏ အရသာနှင့် အစေ့ပါဝင် မှုမှာ ကွဲပြားမှုများရှိပါသည်။ ဩဇာသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ပါရှိသော ကြောင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ကျန်းမာရေးကို ထိန်းသိမ်းပေးပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ပါရှိသောကြောင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ကျန်းမာရေးကို ထိန်းသိမ်းပေးသည်။ ဗီတာမင် B6 ပါဝင်သောကြောင့် လေပြွန်ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါသည်။ ဩဇာသီးသည် အမှည့်မြန်သော အသီးမျိုးဖြစ်သောကြောင့် အပင်ပေါ်တွင် အက်ကွဲလာသည်အထိ မထားဘဲ အသင့် အတင့်မှည့်ချိန်တွင် ခူးဆွတ်စားသုံးသင့်သလို ရောင်းချနိုင်ပါသည်။ ဩဇာသီးကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဆင်မြီးဆွဲ၊ ပန်းတောင်း၊ ရွှေဘုံသာတို့ဘက်မှ အများထွက်ရှိပြီး ထိုဒေသ များမှ ထွက်ရှိသော အသီးများမှာ ချိုမြိန်ပြီး အသီးလည်းချော၍ သဘာဝသီးများဖြစ်ပြီး ဆေးတို့သည့် အသီးများ မဟုတ်သည့်အတွက် ဒေသထွက် ရာသီပေါ် လက်ဆောင်အဖြစ်ပေးရာတွင်လည်း အလွန်ပဲ မျက်နှာပန်းလှပါသည်။ ပန်းတောင်း ရွှေဘုံသာမှ ထွက်ရှိလာသော ဩဇာသီးများကို Order မှာသူများ ရှိပါက ခြင်းများဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။ ဩဇာသီးအလုံးချော (၁၅) လုံးပါ တစ်ခြင်းလျှင် ကျပ် (၂၅၀၀၀)၊ (၁၀) လုံးပါတစ်ခြင်းလျှင် ကျပ် (၂၀၀၀၀) တို့ဖြင့် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရပြီး အရောင်းအဝယ်လည်းဖြစ်သလို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက် တွင် ဩဇာသီးအလုံးချောကြီးတစ်လုံးလျှင် ကျပ် (၂၅၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၂၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၁၀၀၀) တို့ဖြင့် ရာသီပေါ် ပေါ်ဦးပေါ်ဖျားဖြစ်၍ အရောင်းအဝယ်ဖြစ် ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)