ရွှေတောင်ဒေသထွက် ကျောက်ဖရုံသီး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဦးမောင်ဝင်းပိုင်ဆိုင်သော ကျောက်ဖရုံသီးစိုက်ခင်းအား (၁၆.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သွားရောက်လေ့လာကွင်းဆင်းခဲ့ပါသည်။ဧပြီလတွင် ကျောက်ဖရုံသီးများကို စတင် စိုက်ပျိုးပြီး ဇူလိုင်လတွင် ကျောက်ဖရုံသီးများကို စတင်ခူးဆွတ်ရောင်းပါသည်။ တစ်ခါခူးဆွတ်လျှင် ကျောက်ဖရုံသီး အလုံး (၃၀၀)ခန့် ခူးဆွတ်ရရှိပြီး (၄)ရက်ခြားတစ်ခါ အသီးပေါ်မူတည်ပြီး ခူးဆွတ်ရ ပါသည်။ ကျောက်ဖရုံသီးတစ်လုံးလျှင် (၈၀၀)ကျပ်နှုန်းဖြင့် ရွာမှ ဒိုင်များက သိမ်းယူပြီး ရန်ကုန်မြို့နှင့် မကွေးမြို့များသို့ တင်ပို့ရောင်းချကြပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်း ကုန်ကျ စရိတ်မှာ စင်၊ မျိုး၊ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာနှင့် အခြားသွင်းအားစုများအပါအဝင် (၁၀)သိန်းကျော်ခန့်ရှိပြီး အကျိုးအမြတ်မှာ အသီးအထွက်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ ခန့်မှန်း အကျိုးအမြတ် (၈)သိန်းဝန်းကျင်ရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)