မကွေးမြို့၏ မုန့်မျိုးစုံထုတ်လုပ်မှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ မုန့်လုပ်ငန်းများတွင်  ကြက်ဥကိတ်မုန့်၊ ဒါးလှီးကိတ်မုန့်နှင့် ကိတ်မုန့်ရှည်များကို အများဆုံးထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      မုန့်များပြုလုပ်ရာတွင် ဂျုံ၊ သကြား၊ ကြက်ဥ၊ ကိတ်မုန့်ဂျယ်နှင့် ဘီကင်ပေါင်ဒါများနှင့် အချိုးကျပေါင်းစပ်၍ မုန်လုပ်မည့် ပုံစံခွက်များတွင် အခင်းဆီအနေဖြင့် ဆီများကို ရွှဲရွှဲစိုအောင်သုတ်ရကြောင်းနှင့် ဆီအသုတ်နည်းပါက မုန့်များမှာ ပုံစံခွက်တွင်ကပ်၍ ပျက်စီးမှုများကြောင်းသိရှိရပါသည်။ မုန့်များတွင် မှိုထိန်းဆေးမသုံးစွဲသည့်အတွက် ဆီများကို အများအပြားသုံးစွဲရကြောင်း လေ့လာသိရှိရပါသည်။

       မုန့်များလုပ်ရာတွင် (၁)ရက်လျှင် ကြက်ဥကိတ်မုန့် (၆)ခုပါအထုပ် (၅၀၀)မှ (၆၀၀)၊ ဒါးလှီးကိတ်မုန့်အလုံး (၃၀၀)ခန့်နှင့် ကိတ်မုန့်ရှည်များကိုပြုလုပ်ပြီး မုန့်များအား ကျေးရွာများရှိ ဆိုင်ကယ်သမားများနှင့် မကွေးမြို့အတွင်း ဖြန့်ဝေရောင်းချ၍ အလှူအတန်းများရှိပါက မှာယူသည့်အခါတွင် ပိုမိုရောင်းချရကြောင်း၊ ကိတ်မုန့်ရှည် (၁)လုံးလျှင် ကျပ်(၁၂၀၀)နှင့် ကြက်ဥကိတ်မုန့် (၆)ခုပါ (၁)ထုပ်လျှင် ကျပ်(၉၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)