မုဒုံမြို့နယ်တွင် ဒေသထွက်ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိ

Powered by Drupal

    မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ  မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင် တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်တွင် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ပိန္နဲပင်များကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့် စိုက်ပျိုးကြရာ ရိုးရိုးအရိုင်းသီးမျိုးများထက် ယိုးဒယားမျိုးကို အများဆုံးစိုက်ပျိုးကြသည်။ ပိန္နဲပင်သည် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးနည်းစနစ်များ စနစ်တကျမှန်ကန်အောင် ပြုစုရကြောင်း၊ ယိုးဒယားပိန္နဲမျိုးကို စိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးစတင် ထွက်ရှိကြောင်း၊ ယိုးဒယားမျိုး ပိန္နဲသီးအပင်(၂၀)ကို စိုက်ပျိုးလျှင် တစ်နှစ်ဝင်ငွေ သိန်း(၄၀)ခန့်ရရှိနိုင်ကြောင်း ဘဲရမ်း ကျေးရွာနေ ပိန္နဲသီးစိုက် တောင်သူတစ်ဦးကပြောသည်။

     မုဒုံမြို့နယ်တွင် ဒေသထွက် ပိန္နဲသီးများကို တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀) မှ (၂၀၀၀) ကျပ်အထိ ဈေးရရှိပြီး ပိန္နဲသီးတစ်လုံးလျှင် ဒေသပေါက်ဈေး အသီးအရွယ်အစား အလိုက် ငွေကျပ် (၁၂၀၀၀) မှ (၃၀၀၀၀) ကျပ်အထိရရှိကာ မြို့ပေါ်ဈေးများအပြင် မော်လမြိုင်၊ ရန်ကုန်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)