မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံဖြစ်သော ကုလားပဲ(၃) မျိုး၊ ထောပတ်ပဲ၊ ပဲဇီးကွက်၊ စွန်တာနီ၊ ပဲယင်းနှင့် အခြားပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်ပဲများသာမက အခြားဒေသမှ ပဲများလည်းဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများမှာ ကုလားပဲ(ဝါ)လုံးကြီး (929)(၁)တင်းလျှင် ကျပ်(၇၈၀၀၀)၊ ကုလားပဲ(ဝါ) (Hl) (၁)တင်းလျှင် ကျပ်(၇၆၄၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း) (၁)တင်းလျှင် ကျပ်(၈၆၅၀၀)၊ စွန်တာနီ (၁) တင်းလျှင် ကျပ်(၄၅၆၀၀)၊ ပဲဇီးကွက်(၁)တင်းလျှင် ကျပ်(၄၆၀၀၀)၊ ပဲယင်း(မခ)(၁)တင်းလျှင် ကျပ် (၄၆၄၀၀)၊ နေလဲစေ့(၁)ပိဿာလျှင် ကျပ်(၇၁၀၀)၊ မန်ကျည်းတောင့် (အစေ့ပါ) (၁)ပိဿာလျှင် ကျပ်(၂၄၉၀)၊ ကြက်ဆူ(၁)ပိဿာလျှင် ကျပ်(၃၁၇၅)ဖြစ်ပြီး၊ ကုလားပဲ(ဝါ)လုံးကြီး (929)(၇၀)အိတ်၊ ကုလားပဲ(ဝါ) (Hl)(၅၀)အိတ်၊ ထောပတ်ပဲဖြူ(ကျွန်း)(၃၀၀)အိတ်၊ စွန်တာနီ(၂၀၀)အိတ်၊ ပဲဇီးကွက် (၃၀၀)အိတ်၊ ပဲယင်း(မခ)(၁၀၀)အိတ်၊ နေလဲစေ့(၁၅၀၀)ပိဿာ၊ မန်ကျည်းတောင့် (အစေ့ပါ)(၁၀၀၀) ပိဿာ၊ ကြက်ဆူ(၁၀၀၀)ပိဿာ စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)