ဘားအံမြို့ဒေသထွက် သခွားမွေးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို ဘားအံမြို့ အနီ တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ သခွားမွေးသီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀၊ ၃၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေးတစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် တို့ဖြစ်ကြောင်းနှင့် ယခုလို သခွားမွေးသီး ဈေးကောင်းရ၍ တွက်ချေကိုက်ရခြင်းမှ စိုက်ခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် သခွားမွေးသီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိ သည်။

DOCA(ကရင်)