မကွေးမြို့ပေါ်ရှိ ဆီသန့်ဆန်ချောင်းကြော်ထုတ်လုပ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်တွင် စားသောက်ကုန်များဖြစ်သော ရွှေဟင်္သာ ကုန်အမှတ်တံဆိပ်ဖြင့် အဆင့်မြင့် ဆန်ခေါက်ဆွဲ၊ မြဟင်္သာ ကုန်အမှတ်တံဆိပ်ဖြင့် အဆင့်မြင့် ဆန်ခေါက်ဆွဲ၊ မြကမ္ဘာ ကုန်အမှတ်တံဆိပ်တွင် မုန့်ဖက်ခြောက်နှင့် ရွှေစည်တော် ကုန် အမှတ်တံဆိပ်ဖြင့် ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲနှင့် ဆီသန့်ဆန်ချောင်းကြော်များအား ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့ထုတ်လုပ်ရောင်းချရာတွင် ဆီသန့်ဆန်ချောင်းကြော်အား ပို၍ထုတ်လုပ်လျက်ရှိပါသည်။ ဆီသန့် ဆန်ချောင်းကြော်ရာတွင် ဒယ်တစ်ဒယ်လျှင် ဆီ(၁၅)ပိဿာကျော်ထည့်ပြီး ဆန်ချောင်း များအား ကြော်ကြောင်း၊ ဆီများလျော့ပါက လိုအပ်သလို ဆီထပ်ဖြည့်၍ ကြော်ရကြောင်း၊ ကြော်ပြီးသား ဆန်ချောင်းများအား အရသာပိုမိုကောင်းမွန်စေရန်အတွက် ဆားနှင့် ကြက်သားမှုန့်များဖြင့် ရောသမမွှေလိုက်ပါက အရသာရှိသော ဆန်ချောင်းကြော်များ ရရှိကြောင်း သိရှိရပါသည်။

   စားသောက်ကုန်များထုတ်လုပ်ရာတွင် အလုပ်လုပ်ကိုင်သူ အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး (၂၂)ဦး၊ စုစုပေါင်း(၃၂)ဦးဖြင့် လုပ်ကိုင်ကြောင်း၊ အမျိုးသား(၁)ဦးလျှင် တစ်နေ့လုပ်အားခ ကျပ်( ၈၅၀၀-၉၀၀၀-၁၀၀၀၀-၁၂၀၀၀)၊ အမျိုးသမီး(၁)ဦးလျှင် ကျပ်(၇၀၀၀-၈၀၀၀)ရရှိကြောင်း၊ တစ်ရက်လျှင် ဆီသန့်ဆန်ချောင်းကြော် အထုပ်(၅၀)ပါ ဖာ(၁၇၀ မှ ၂၀၀)အထိ ထုတ်လုပ်နိုင်ပြီး ပစ္စည်းများအား ရန်ကုန်၊ မကွေးမြို့အတွင်းနှင့် မြို့နယ်များသို့ ဖြန့်ဝေလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)