မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် မတ်ပဲသီးနှံမှာ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၇၀၀၀)ဖြစ်ပြီး ယခုဧပြီလ (ဒုတိယပတ်)တွင် ကျပ်(၁၅၁၅၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၄၅၀၀)အတက်ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ(၂၀မှ၃၀)ဝန်းကျင်ခန့်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
မြေပဲသီးနှံများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)နှင့် (ဒုတိယပတ်)တို့တွင် (၁)ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်(၅၅၀၀မှ၅၆၀၀)ဈေးဖြင့် တစ်နေ့လျှင်ပိဿာ(၃၀၀ မှ ၅၀၀)အတွင်း ဝင်ရောက်လျက်ရှိပါကြောင်း၊ အရောင်းအဝယ်မှာ အေးလျက်ရှိကြောင်း၊ ပဲကြီးသီးနှံမှာ ဧပြီလ(ပထမပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၄၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခုဧပြီလ(ဒုတိယပတ်)တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင်ကျပ်(၁၃၈၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၆၀၀၀)အကျဈေးဖြင့် နေ့စဉ်အိတ်ရေ(၂၀မှ၃၀)ဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)