ကန့်ဘလူမြို့တွင် ပြည်သူများကို ဈေးနှုန်းသက်သာစွာ စားအုန်းဆီများရောင်းချပေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းသည် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။  

    ၂၀၂၄ခုနှစ်၊ ဧပြီလ ၉ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများကိုရောင်းချပေးခဲ့ရာ  စားအုန်းဆီ (၁)ပိဿာကို ၆၀၀၀ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးခဲ့ပြီး ပြည်သူ (၂၁၈၈)ဦးအတွက် စားအုန်းဆီ ၂၁၈၈ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)