တောင်ငူမြို့တွင် ယခင်နှစ်ထက် ဘိလပ်မြေဈေး နှစ်ဆခန့်မြင့်တက်

Powered by Drupal

      တောင်ငူမြို့တွင် လူအများသုံးသည့် ဘိလပ်မြေများမှ ကြံ့နှစ်ကောင်၊ Apache နှင့် Max တံဆိပ်ဘိလပ်မြေများဖြစ်ပါသည်။ ယခင်နှစ် သင်္ကြန်မတိုင်ခင်ကာလတွင် ၎င်းဘိလပ်မြေများ၏ ဈေးနှုန်းများမှာ ကြံနှစ်ကောင် အနီတစ်အိတ်လျှင် ၈၀၀၀ကျပ်၊ Apache တစ်အိတ်လျှင် ၆၅၀၀ကျပ်နှင့် Max တစ်အိတ်လျှင် ၅၅၀၀ကျပ်ရှိခဲ့ပါသည်။

         ယခုနှစ်သင်္ကြန်မတိုင်မီ ယခုအပတ်အတွင်း ကြံနှစ်ကောင် အနီတစ်အိတ်လျှင် ၁၅၀၀၀ကျပ်၊ Apache တစ်အိတ်လျှင် ၁၃၀၀၀ကျပ်နှင့် Max တစ်အိတ်လျှင် ၁၂၀၀၀ကျပ်ရှိသဖြင့် ဘိလပ်မြေဈေးနှုန်းမှာ တစ်နှစ်အတွင်း နှစ်ဆခန့်မြင့်တက်လာခဲ့ပါသည်။

      ဘိလပ်မြေဈေးနှုန်းများမြင့်တက်သဖြင့် အရောင်းအဝယ်မှာလည်း ကျဆင်းလာခဲ့ပြီး အရောင်းဆိုင်များ၌ ဘိလပ်မြေများကို အရေအတွက်များများဝယ်ယူ၍ မရောင်းရလျှင် ဘိလပ်မြေအိတ်များခဲသဖြင့် ယခင်ကဲ့သို့ အိတ်အမြောက်အများသိုလှောင်ထားခြင်းမရှိကြောင်း “အောင်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(ပဲခူး)