၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်း နွေရာသီပေါ်ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်များလှိုင်လှိုင်ပေါ်ပြီး ဈေးနှုန်းကောင်း လျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ)နဲ့ ချည်ရည်ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ပဲကြော်စားစား ထမင်းမိန်ကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ ကင်ပွန်ချဉ်ရွက် အစည်းသေးတစ်စည်း(၃၀၀)ကျပ်၊ အစည်းလတ်တစ်စည်း(၅၀၀)ကျပ်နှင့် အစည်းကြီးတစ်စည်း (၁၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(ကရင်)