ပြည်ဈေးကွက်တွင် သင်္ကြန်ခါနီး၍ သကြားဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

      ပြည်မြို့ရှိဈေးကွက်များတွင် ယခုအချိန်ကာလသည် သင်္ကြန်အခါကာလနီးလာပြီဖြစ်၍ သကြားဈေးများမြင့်တက်လာသည်ကိုတွေ့ရပါသည်။ မြန်မာတို့၏ နှစ်ကူးကာလဖြစ်သော အတာကူးသည့် တန်ခူးလတွင် တောနေ၊ မြို့နေလူတန်းစားများအများစုမှာ အခါတွင်းအခါမုန့်များပြုလုပ်၍ အလှူအတန်းများပြုလုပ်ကြသည်မှာ မြန့်မာ့ရိုးရာဓလေ့တစ်ခုပင်ဖြစ်ပါသည်။ ထို့ပြင် အခါကြီးရက်ကြီး ဥပုသ်သီတင်းသီလဆောက်တည်ကြသူများကိုလည်း အအေးများဖျော်၍ တိုက်ကြရာတွင် သကြားကိုလည်းအသုံးပြုကြပါသည်။ ထို့ကြောင့် လူအများစုမှာ သကြားကို သင်္ကြန်တွင်း၌အသုံးပြုရန် ဝယ်ယူထားကြသဖြင့် သကြားဈေးများမြင့်တက်လာသည်ကိုတွေ့ရပါသည်။ သကြားဈေးနှုန်းများအနေဖြင့် ယခင်မတ်လဆန်းပိုင်းတွင် သကြားတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၃၈၀၀ကျပ်ဈေးနှုန်းများဖြင့်ရောင်းချခဲ့ရာ ယခုဧပြီလဆန်းပိုင်းတွင် သကြားတစ်ပိဿာကို လက်လီဈေး ၄၇၅၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၉၅၀ကျပ်ခန့်မြင့်တက်လာခဲ့ပါသည်။ နောက်ပိုင်းတွင် ဝယ်ယူမှုများလာပါက တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိဈေးနှုန်းများမြင့်တက်လာနိုင်သည်ဟု ဈေးရောင်းသူတစ်ထံမှသိရှိရပါသည်။

DOCA(ပဲခူး)