
ယခုဧပြီလလယ်တွင် ပြည်ဈေးကွက်အတွင်း သင်္ကြန်အခါရက်နီးသည့်အတွက် ကြက်သွန်နီသီးနှံများ အရောင်းအဝယ်သွက်လျက်ရှိပြီး မကွေးတိုင်းမှဝင်ရောက်မှုမှာလည်း များလျက်ရှိနေသည်။ မကွေးတိုင်းနယ်စုံမှ ကြက်သွန်နီများ ပြည်ဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၂သောင်း ကျော်ခန့်အဝင်ရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ယခင် ဧပြီလဆန်းထက် ကျပ် ၄၀၀ခန့်ကျဆင်းသွားပြီး ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀/၁၉၀၀-၁၈၀၀/၁၇၀၀-၁၆၀၀ နှုန်းတို့နှင့် မြို့ပေါ်ဈေးများတွင် ကျပ် ၂၅၀၀/၂၄၀၀-၂၃၀၀/၂၂၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ ပြည်မြို့အနီးတဝိုက်ရှိ မှော်ဇာ၊ တောင်လုံးညို ကြက်သွန်နီ များလည်း ဈေးကွက်အတွင်းရောင်းဝယ်မှုရှိနေပြီး ဈေးနှုန်းမှာ လက်လီ/လက်ကားတစ်ပိဿာလျှင် ၂၈၀၀/၂၂၀၀နှုန်း တို့ဖြင့် ရောင်းဝယ်မှုရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)