ရွှေတောင်ဒေသထွက် ဂန္ဓမာပန်း(ခေါ်) မြနှင်းရွှေဝါပန်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ဂန္ဓမာပန်းများစိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးသော ဂန္ဓမာပန်းမျိုးမှာ မြနှင်းရွှေဝါမျိုးဖြစ်ပြီး ပြင်ဦးလွင်မြို့မှ ဝယ်ယူ၍စိုက်ပျိုးပြီး အပင်ပေါက်တစ်ပင်လျှင် (၁၅)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုး ရပါသည်။ ထိုပန်းပင်ကို ပြာသိုလတွင်စတင်စိုက်ပျိုးပြီး (၄)လအကြာ တန်ခူးလတွင် စတင်ချိုးယူ၍ရောင်းချကြပါသည်။ ဂန္ဓမာပန်း တစ်ဧကစိုက်ပျိုးလျှင် အပင်ရေ (၈၀၀၀)ကျော်ရှိပြီး စုစုပေါင်းကုန်ကျစရိတ်မှာ (၅)သိန်းကျော်ကုန်ကျ၍ စတင်ခူးဆွတ်ချိန်တွင် အစည်းအရေအတွက် (၅၀၀)ကျော်ခူးဆွတ်ရပြီး တစ်ရက်ခြားတစ်ခါခူးဆွတ်ရပါသည်။ ဂန္ဓမာပန်းရောင်းချသောဈေးနှုန်းများမှာ ပန်းတစ်စည်းလျှင် (၁၈၀)ကျပ်ဖြင့် ကသစ်ကိုင်းကျေးရွာရှိ ပန်းဒိုင်များမှ လာရောက် ဝယ်ယူပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့အပြင် အခြားနယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။ အကျိုးအမြတ်အနေဖြင့် ဂန္ဓမာပန်း တစ်ဧကစိုက်ပျိုးလျှင် (၈)သိန်းဝန်းကျင်ခန့် ရရှိပြီး ပန်းဈေးနှုန်းအတက်အကျအပေါ်မူတည်၍လည်း ကွာခြားနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)