
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဧပြီလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၀၀)ကျပ်၊ (92) တစ်လီတာလျှင် (၂၈၈၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၂၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ဧပြီလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၇၀)ကျပ်၊ (92) တစ်လီတာလျှင် (၂၈၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၀) ကျပ်တို့ဖြင့် သက်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခဲ့ကြောင်းသိရသည်။ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ (၀၆၇-၄၁၁၃၇၃၊ ၀၆၇-၄၁၁၂၈၂၊ ၀၉-၂၅၄၆၂၅၄၇၇၊ ၀၉-၇၇၅၂၉၃၆၃၂) ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာသတင်းပေးတိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့မှုကို သတင်းရရှိပါသည်။
DOCA(ကရင်)