
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အတွင်း၌ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်ထုတ်ဝန်ထမ်း (၇၀၀)ဦးအား၊ တစ်ဦးလျှင် ၁ ပိဿာနှုန်း၊ သတ်မှတ် ရည်ညွှန်းဈေး (၆၀၂၅) ကျပ်ဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)