ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများမှာ အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေကို နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဧပြီလတွင် သင်္ကြန်ရုံးပိတ်ရက်များရှိသည့်အတွက် ဧပြီလ (၂၀) ရက်နေ့မှ ဧပြီလ (၂၃)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ တောင်တွင်း၊ မြင်းခြံ၊ အောင်လံဒေသတို့မှ ကြက်သွန်နီ (၄၂၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၁၆၈၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ တောင်တွင်း ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၅၀၀၊  ဆိပ်ဖြူကြက် သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၅၀၀၊  မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အကြီးမှာ ကျပ်၂၃၀၀၊ ရှယ်မှာ ကျပ်၂၄၀၀၊ အောင်လံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၃၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးမှာ ကျပ်၂၂၀၀၊ ရှယ်မှာ ကျပ်၂၄၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)