![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/110_30.jpg?itok=AfGYYsR-)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်ရှိ စားသုံးသူပြည်သူများကိုရောင်းချပေးခဲ့ရာ စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးခဲ့ပြီး ပြည်သူ (၁၉၈၀)ဦးအတွက် စားအုန်းဆီ ၁၉၈၀ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)