ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း(သိုလှောင်)ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၈၉၅)၊ 95 တစ်လီတာလျှင် ကျပ် (၃၀၀၅)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၅၂၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၈၀) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချခဲ့ပြီး  ဧပြီလ(တတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၈၇၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၉၈၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၅၇၅)၊ ပရီမီယမ်ဒီဇယ် တစ်လီတာ လျှင် ကျပ်(၂၅၃၀) ဈေးနှုန်းဖြစ်၍ ဧပြီလ(တတိယပတ်)နှင့် ဧပြီလ(စတုတ္ထပတ်) နှိုင်းယှဉ်လျှင် ယခုဧပြီလ(စတုတ္ထပတ်)တွင် 92 နှင့် 95 မှာ တစ်လီတာလျှင် ကျပ်(၂၅)ဈေးတက်ပြီး ပရီမီယမ် ဒီဇယ်နှင့် ဒီဇယ်ရိုးရိုးမှာ တစ်လီတာလျှင် ကျပ်(၅၀)ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)