ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာနှင့် ပခုက္ကူကျွန်းတို့မှ ဆောင်းစိုက်(ပင်စိုက်)များ စတင်ထွက်ရှိနေပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကြက်သွန်နီဈေးမှာ အနည်းငယ်ကျနေခဲ့သော်လည်း ဧပြီလ (စတုတ္ထပတ်)တွင် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်တက်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရပါသည်။

     ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူဒေသ ထွက်သာမက အခြားဒေသများဖြစ်သော ရေနံချောင်း၊ ဆင်ဖြူကျွန်းတို့မှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဧပြီလ(ပထမပတ်) ကြက်သွန်နီ ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ရှိခဲ့ပြီး (စတုတ္ထပတ်)တွင် ယောကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၁၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့်၍ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀)ထိ ဈေးနှုန်းမြင့်တက်နေကြောင်း၊ နေ့စဉ်အရောင်း အဝယ်ဖြစ်မှုကုန်ချိန်မှာလည်း (၁၀၀၀၀၀ မှ ၁၅၀၀၀၀) ထိဖြစ်နေကြောင်း မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ကြက်သွန်အရွယ် အစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)