ချင်းပြည်နယ်တွင် ယခုနှစ် ကြက်သွန်ဖြူစိုက်ပျိုးတောင်သူများ ဝင်ငွေကောင်းလျက်ရှိ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်ခရိုင်တာဝန်ခံ  ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နေ့လယ် (၁၃:၃၀) အချိန်တွင် တီးတိန်မြို့နယ်၊ ငင်းနုန်းကျေးရွာရှိ ကြက်သွန်ဖြူစိုက်ပျိုးတောင်သူများထံသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ကြက်သွန်ဖြူဈေးနှုန်းများ နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြက်သွန်ဖြူ ၁ပိဿာ (၆၅၀၀ မှ ၇၀၀၀)ကျပ်အထိ ရှိခဲ့ရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကြက်သွန်ဖြူ ၁ပိဿာ(၈၅၀၀ မှ ၉၀၀၀)ကျပ် အထိ ကြက်သွန်ဖြူဈေးနှုန်းများ ဈေးမြင့်တက်လာခဲ့ပါသည်။ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများ ပိုမိုကောင်းမွန်သော ဈေးကွက်ဈေးနှုန်းများ ရရှိစေရန် ဈေးကွက်ဖြန့်ချိရောင်းချနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး မိမိတို့ဦးစီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်းသာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ အရည်အသွေးပြည့်မီသော ကြက်သွန်ဖြူများ ဖြန့်ချိရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးရန်အတွက် ယခုလို ကြက်သွန်ဖြူ စိုက်ပျိုးသည့် တောင်သူများထံ လာရောက်ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့ဦးစီးဌာနနှင့် အမြဲတမ်းချိတ်ဆက်ဆောင်ရွက်သွားကြရန်  ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

DOCA(ချင်း)