တောင်ငူမြို့မှဒညင်းသီးအကြောင်းတစေ့တစောင်း

Powered by Drupal

       

           တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင်ဝင်ရောက် ရောင်းချ လျက်ရှိပါသည်။

          ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများအနေဖြင့် ဒညင်းသီး (အသေး) (၁၀)လုံးလျှင် (၁၀၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၉၀၀၀) ကျပ်၊ အလတ် (၁၀) လျှင် (၁၂၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၁၀၀၀၀) ကျပ်၊ အကြီး (၁၀) လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၁၃၀၀၀) ကျပ်အထိ ဈေးနှုန်းအသီးသီး ရှိပါသည်။

          ယခုအခါ ဒညင်းသီးပေါ်စဖြစ်သဖြင့် ဈေးကောင်းပါသည်။ သံတောင်ဘက်မှ ဒညင်းသီး များ ဖြိုင်ဖြိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်းနှင့် ဒညင်းသီးများမှာ ရောင်းအားကောင်း ကြောင်း ရောင်းချသည့်ဈေးသည်များမှ သိရှိရပါသည်။

 

      စားသုံးသူရေးရာဦးစီးဌာန

      တောင်ငူခရိုင်