![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15_9.jpg?itok=gbyTKO_y)
ပြည်ဈေးကွက်၌ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ်မှ စတင်ပြီး မြကျောက်သရက်သီးများ စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာရွာမှ ထွက်ရှိသော မြကျောက်သရက်သီးမှည့်မှာ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် အဝင်နည်းသော် လည်း ဈေးကောင်းပေးဝယ်ယူရကြောင်း သိရှိရပါသည်။ ယခင်နှစ် မြကျောက်သရက်သီး ပေါ်စတွင် တစ်လုံးလျှင် ၁၅၀၀ကျပ်ခန့်ဖြင့် စတင်ရောင်းချခဲ့ပြီး ယခုနှစ် မြကျောက်သရက်သီး ပေါ်စတွင် အလုံးကြီးတစ်လုံးလျှင် ၁၈၀၀ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရှိရပြီး ယခင်နှစ်ထက်စာလျှင် ဈေးကောင်းရရှိကြောင်းသိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပြည်ခရိုင်