
ဘားအံ၂၅ ဧပြီလ
၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီစာ သီးနှံဖြစ်သည့် မရမ်းသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ဆောင်းရာသီ အအေးဓာတ်လေး မကုန်ခင် အချိန်တွင် ဆားရည်စိမ်၍ပဲစားစား၊ ဆေးသကြားလေးနှင့် အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊ လက်ဖက်နှင့် ရောနယ်ပြီးစားစား ၊ မျှင်ငါးပိ/ ငါးလေးရေကျိုငါးပိနှင့်ပဲ တွဲဘက်ပြီး ကြော်စားစား ခံတွင်းတွေ့၍ စိတ်ကျေနပ်စရာကောင်းလှပြီး မြန်မာလူမျိုးများကြိုက်နှစ်သက်လှသည့် စားသောက်ဖွယ်ရာ သီးနှံတစ်မျိုးဖြစ်သည်။
ပွင့်လင်းရာသီ နွေရာသီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်း များမှာ မရမ်းချဉ်သီး တစ်ပြည် ဈေးနှုန်း (၇၂၀၀/၈၀၀၀) ကျပ်၊ မရမ်းချိုသီးတစ်ပြည်ဈေးနှုန်း (၂၄၀၀၀၊၂၈၀၀၀) ကျပ်၊ နှင့် မရမ်းချဉ်သီး တစ်ဘူးဈေးနှုန်း(၉၀၀/၁၀၀၀) ကျပ်၊ မရမ်းချိုသီး တစ်ဘူး (၃၀၀၀/၃၅၀၀) ကျပ် တို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(ကရင်)