
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ မင်းလှမြို့မဈေးကြီးအတွင်း ရောင်းချ လျက်ရှိသော ကြက်ဥ/ဘဲဥ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဧပြီလတွင် ကြက်ဥ အကြီးတစ်လုံးလျှင် (၂၈၀)ကျပ်၊ ကြက်ဥ အလတ်တစ်လုံးလျှင် (၂၆၀)ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် (၂၄၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပါသည်။
ဘဲဥ ဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥအကြီးတစ်လုံးလျှင် (၃၈၀)ကျပ်၊ ဘဲဥအလတ် တစ်လုံးလျှင် (၃၅၀) ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကြက်ဥ/ ဘဲဥ ရောင်းအားမှာ အလုံးရေ(၁၆၀၀) လုံးခန့် အထိ အရောင်းအဝယ်ဖြစ်နေကြောင်း လက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များမှ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
သာယာဝတီခရိုင်