မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဧပြီလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၄ခုနှစ် ဧပြီလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၉၄၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၅၀)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၃၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ပြီး ဒီဇယ်(ရိုးရိုး)နှင့် ဒီဇယ်(ပရီမီယမ်) ဈေးနှုန်းမှာ ယခင်ပတ် နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)