၂၀၂၄ ခုနှစ်၊ ဧပြီလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

           မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၃၀) ကျပ် ၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၂၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၂၆၈၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၃၅)ကျပ် ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

           ၂၀၂၄ ခုနှစ်၊    ယခု ဧပြီလ စတုတ္ထှပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၉၀) ကျပ် ၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၃၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၂၇၃၀)ကျပ် ၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၈၀)ကျပ် ဖြင့် ရောင်းချသောကြောင့် ယခင် ဒုတိယအပတ် စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92)တစ်လီတာလျှင်(၆၀)ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင်(၇၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်(၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာ လျှင်(၅)ကျပ် စက်သုံးဆီဈေးနှုန်းအသီးသီးဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရှိပါသည်။

          ၂၀၂၄ ခုနှစ်၊ ယခင် မတ်လ စတုတ္ထအပတ်နှင့် ဧပြီလ စတုတ္ထအပတ်တို့ နှိုင်းယှဉ် ကြည့်မည် ဆိုပါက ဓါတ်ဆီ(92)တစ်လီတာလျှင်(၆၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ လျှင်(၆၅) ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီ တာလျှင်(၄၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၄၅)ကျပ် မြင့်တက်လျက်ရှိ သော ကြောင့် ကျွန်းလှမြို့ စက်သုံးဆီ ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)