တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

              တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုပ်သီးစိမ်း (မိုးထောင် သီး) မှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလက တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ရှိရာမှ ဧပြီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်ပြီး ငရုပ်သီးစိမ်း (ကျောက်စိမ်း) မှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ငရုပ်သီးစိမ်း (ကုလား အော်သီး)မှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်ရှိရာမှ ဧပြီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်း ပါသည်။

              ခရမ်းသီး (အဖြူ)မှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ  ဇန်နဝါရီလ က တစ်ပိဿာလျှင်  ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ သင်္ကြန်ရက်ပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုံညင်းဖြူမှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ မုံလာဥနီမှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ မုံလာဥဖြူမှာ ဇန်နဝါရီလက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းကြောင်း တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)