ပေါင်းတည်မြို့နယ်တွင် ပြောင်းဖူး (ဖူးစားပြောင်း) စိုက်ပျိုးထွက်ရှိမှုနှင့် တွက်ခြေကိုက်မှု

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်တွင် ပြောင်းဖူးသီးနှံ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိရာ ပေါင်းတည်မြို့နယ် စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၉.၄.၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ် ဝက်ပုတ်ကျေးရွာသို့ သွားရောက်၍ ပြောင်းဖူး စိုက်ပျိုး သူတောင်သူများနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

         ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဖူးစားပြောင်း တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ထုပ် (၃)ထုပ် အသုံးပြုရပြီး တစ်ထုပ် (၂၅၀၀၀)ကျပ်ဖြင့် (၃)ထုပ် (၇၅၀၀၀)ကုန်ကျပါကြောင်း၊ မြေသြဇာ တန်ဖိုး ၊ အလုပ်သမားခ၊ စိုက်ပျိုးခ၊ ပေါင်းနှုတ်ခ၊ ခူးဆွတ်ခ) ကုန်ကျစရိတ်မှာ ၂သိန်းကျပ် ခန့်ကုန်ကျပြီး ၊ စုစုပေါင်းကုန်ကျစရိတ် ၃သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်ကြာပါက  စတင်ခူးဆွတ်ရောင်းချနိုင်ပါကြောင်း ၊ ထွက်ရှိလာသော ပြောင်းဖူး များကို တစ်ဖူး ၂၀၀ ကျပ်မှ ၃၀၀ကျပ်ခန့် ရောင်းချရပြီး တစ်ဧကလျှင် အဖူးရေ (၄၀၀၀) ခန့်ထွက်ရှိ ပါကြောင်း ထွက်ရှိလာသော ပြောင်းဖူးများကို ပေါင်းတည်မြို့နယ်သို့ တင်ပို့ရောင်းချရပါကြောင်း အကျိုးအမြတ်အားဖြင့် တစ်ဧက ၆သိန်းဝန်ကျင်ခန့်ရရှိသဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် တောင်သူ များ အကျိုးအမြတ်များ ရရှိနေပါကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)