လက်ပံတန်းမြို့ ဖွဲနု ဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ရှိသော ငါးမွေးကန်များ ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန် အစားအစာ အဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များအတွက်လဲ အသုံးပြုလျက် ရှိကြောင်း၊ အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်နှုန်းဖြင့် ဖွဲနု၆၀ပေါင် တစ်အိတ်လျှင် ၁၅၉၀၀ကျပ် ဈေးရှိခဲ့ရာမှ ယခုဧပြီလ‌နောက်ဆုံးပတ်တွင် ဖွဲနု တစ်ပေါင်လျှင် ၂၅၀ ကျပ် ဈေးသို့ကျဆင်းလျက်ရှိရာ ဖွဲနု (၆၀)ပေါင်တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသတွင်းဆန်/စပါးကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)