မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိမုန့်ဆိုင်များ၊ စားသောက်ကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ ရောင်းချနေသောမုန့်မျိုးစုံနှင့် စားသောက်ကုန် ပစ္စည်းများမှာစားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(မွန်)