
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။
ကန့်ဘလူပွဲရုံများအနေဖြင့် ဧပြီလအတွင်း ပွဲရုံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများနှင့် အဝင် /အထွက်တင်းများ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲစင်းငုံ(နီ)(၃၆၂)တင်းဈေးနှုန်းမှာ (၁၂၅၀၀၀)ကျပ်၊ ပဲစင်းငုံ (ဖြူ)(၂၄၀)တင်းဈေးနှုန်းမှာ (၁၁၅၀၀၀)ကျပ်၊ မတ်ပဲ(၁၀၂၈)တင်းဈေးနှုန်းမှာ (၉၅၀၀၀)ကျပ်၊ ကုလားပဲ v2(၃၇၅)တင်းဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်၊ v7(၄၅)တင်းဈေးနှုန်းမှာ (၈၀၀၀၀)ကျပ်၊ 929(၁၇၂၅)တင်းဈေးနှုန်းမှာ (၇၆၀၀၀) ကျပ်၊ ထိုင်ဝမ်(၁၃၅)တင်းဈေးနှုန်းမှာ (၇၂၀၀၀)ကျပ်၊ ကြက်ဆူ(၁၉၅)တင်းဈေးနှုန်းမှာ (၃၃၀၀၀)ကျပ်၊ ပဲတီစိမ်း(၆၅)တင်းဈေးနှုန်းမှာ (၅၃၀၀၀)ကျပ်၊ ထောပတ်ပဲ(၄၂၆)တင်းဈေးနှုန်းမှာ (၉၅၀၀၀)ကျပ်၊ စွန်တာနီပဲ(၂၄)တင်းဈေးနှုန်းမှာ (၅၅၀၀၀)ကျပ်၊ ပဲဇီးကွက်(၇၅)တင်းဈေးနှုန်းမှာ (၅၅၀၀၀)ကျပ်၊ ဘိလပ်စေ့(၁၁၄)တင်းဈေးနှုန်းမှာ (၇၂၀၀၀)ကျပ် စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။
ယခုရာသီကာလမှာ မတ်ပဲနှင့်ကုလားပဲများ အဝင်/ အထွက်အပေါများဆုံးအချိန်ဖြစ်ပြီး ယခင်မတ်လနှင့်နှိုင်းယှဉ်ကြည့်ပါက ပဲစင်းငုံ(ဖြူ/နီ)၊ ဘိလပ်စေ့၊ စွန်တာနီပဲ၊ ပဲဇီးကွက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး ကုလားပဲအမျိုးအစား(၄)မျိုးနှင့် ပဲတီစိမ်း၊ ကြက်ဆူစေ့ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံတစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)