ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်မှ မေလဆန်းအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၁၃၀၀၀/-ကျပ်မှ အနိမ့်ဈေး ၁၂၅၀၀/-ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၆၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၇၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၈၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၀၀၀၀/-ကျပ်မှ ၁၁၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၅၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြှားနီတစ်ပိဿာလျှင် ၃၅၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး ၁ပိဿာလျှင် ၃၄၀၀/-ကျပ်မှ ၃၅၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၅၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ရမည်းသင်း) (ဒါးဇင်း) ၁ပိဿာလျှင် ၃၂၀၀/-ကျပ်မှ ၃၃၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၂၇၀၀/-ကျပ်မှ ၃၁၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ(သစ်) ၁ပိဿာလျှင် ၄၁၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်ထိလည်းကောင်း၊  သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၄၆၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၄၅၀၀/-ကျပ်မှ ၄၇၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၃၈၀၀/-ကျပ်မှ ၅၂၀၀/-ကျပ်ထိ လည်းကောင်း၊ ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၆၀၀/-ကျပ်မှ ၅၈၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (ပခုက္ကူ-OK) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်၊ အာလူး (ပခုက္ကူ-S1) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်၊ အာလူး (ဟဲဟိုး-A1) ၁ပိဿာလျှင် ၁၄၀၀/-ကျပ်၊ အာလူး (ဟဲဟိုး-OK) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ အာလူး (ဟဲဟိုး-S1) ၁ပိဿာလျှင် ၁၆၀၀/-ကျပ်ဖြင့်လည်းကောင်း၊ အာလူး (ဟဲဟိုး-S2) ၁ပိဿာလျှင် ၁၄၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၅၀၀/-ကျပ်မှ ၂၆၅၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)