“ ကော့မှူးမြို့နယ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

      ကော့မှူးမြို့နယ်၌   ဧပြီလ ပဉ္စမပတ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချော(ထိပ်စ-လတ်စ-နိမ့်စ) အမျိုးအစားများအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀-၄၀၀၀) ကျပ်ထိ၊ မီးဒုံးဆန်ရိုးရိုးတစ်ပြည်လျှင် (၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန် (ရိုးရိုး) တစ်ပြည်လျှင် (၄၈၀၀၊ ၅၀၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၆၀၀-၅၈၀၀)ကျပ်ဖြင့်လည်းကောင်း၊  စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၅၅၀)ကျပ်၊ ယခုအပတ်တွင် (၅၄၅၀)ကျပ်ဈေးနှုန်းအနည်းငယ်ဆင်းပြီး၊  ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (ရိုးရိုး)ဆားတစ်ပိဿာလျှင် (၅၀၀) ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့်(အရှည်)တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငရုတ်တောင့်(စက)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငရုတ်တောင့်(အပု)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၃၀၀၀၊၃၅၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       အလားတူ ဗမာကြက်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ Cp ကြက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်နေပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)