ပြည်တွင်း၌ ဝယ်လိုအားမြင့်တက်နေသည့် သွင်းကုန်အစားထိုးပီလောပီနံမှုန့်များ

Powered by Drupal

     ပီလောပီနံသည် စိုက်ပျိုးရန်လွယ်ကူသဖြင့် လုပ်အားခနှင့် ကုန်ကျစရိတ်များ သက်သာသဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် နေရာအနှံစိုက်ပျိုးကြသည်။ အချို့တွင် အိမ်ခြံစည်းရိုးများတွင် ပင်စိုက်ပျိုးကြသည်။

    ဇန်နဝါရီလနောက်ပိုင်းတွင် ဝဥရာသီကုန်ဆုံးချိန်ဖြစ်သဖြင့် မွန်ပြည်နယ်ရှိ ဝဥစက်ရုံအချို့မှာ ပိတ်ထားရပြီး အချို့မှာ ပီလောပီနံများကို ထုတ်လုပ်လျက်ရှိသည်။ ပီလောပီနံဈေးနှုန်းများမှာ ပီလောပီနံအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်း (၅၀၀-၁၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိပြီး အမှုန့်ကြိတ်ကာ အမှုန့်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချ ကြောင်းသိရှိရသည်။ ယခင်နှစ်များက ပီလောပီနံအမှုန့်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် ဂျုံမှုန့်များမှာ ဈေးနှုန်းကြီးမြင့်သဖြင့် ဂျုံမှုန့်နေရာတွင် ပီလောပီနံမှုန့်များကို အစားထိုးအသုံးပြုလာကြသောကြောင့် ပြည်တွင်း ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။

     ပီလောပီနံမှုန့်များကို စားသောက်ကုန်များဖြစ်သည့် ကော်မှုန့်၊ သာကူချောင်း၊ သာကူစေ့များပြုလုပ်ခြင်း၊ စားသောက်ကုန်များပြုလုပ်ရာတွင် ဂျုံမှုန့်နှင့်ရောနှောအသုံးပြုခြင်း၊ တိရစ္ဆာန်အစာတောင့်များပြုလုပ်ခြင်းတို့တွင် အသုံးပြုကြကြောင်း သိရှိရပါသည်။

DOCA(မွန်)