မေလ ပထမ ပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

 မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၆) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဧပြီစတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၃၀၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရှိရပါသည်။

          ယခု မေလပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၉၂၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၃၀၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၃၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်ဧပြီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၅) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာ လျှင် (၁၅)ကျပ်၊   ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်(၁၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၀)ကျပ် အသီးသီးဈေးနှုန်းကျလျက်ရှိကြောင်း  စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)