
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲနှောက်၊ ပဲကြီး၊ ထောပတ်ပဲနှင့် အခြားပဲများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူမြို့၏ အဓိကစိုက်ပျိုးသော ပဲသီးနှံမှာ ပဲစင်းငုံနီ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် ပဲတီစိမ်းတို့ကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မာလာ၊ လက်ထုပ်၊ သူကောင်းတည်၊ အထက်ညှဉ့်၊ အောက်ညဉ့်၊ ပုလင်းကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၂၈၆၀၀)မှ ကျပ်(၁၂၉၂၀၀)၊ ကုလားပဲဝါလုံးကြီး တစ်တင်းလျှင် (929) ကျပ်(၇၈၈၀၀)မှ (၇၉၆၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ် (၈၂၀၀၀)၊ ထောပတ်ပဲဖြူ(ဂေါက်ပြား)တစ်တင်းလျှင် ကျပ်(၁၀၄၅၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၄၈၀၀၀)၊ ကြက်ဆူတစ်ပိဿာလျှင် ကျပ်(၃၀၅၀)၊ နေလဲစေ့တစ်ပိဿာလျှင် ကျပ်(၇၂၅၀) တို့ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၂၅၀၀)၊ ကုလားပဲဝါလုံးကြီး (929) (၃၀၀)၊ ကုလားပဲဝါ(HL) (၁၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) (၃၀၀)၊ ထောပတ်ပဲဖြူ(ဂေါက်ပြား)(၅၀၀)၊ ပဲဇီးကွက် (၃၀၀)၊ ကြက်ဆူပိဿာချိန် (၅၀၀၀)၊ နေလဲစေ့ပိဿာချိန် (၆၀၀၀) အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)