
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သည် ကရင်ပြည်နယ်၊ သံတောင်ဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ဖြစ်ပါသည်။ ထို့ကြောင့် တောင်ငူအရှေ့ဘက်ဒေသ၊ သံတောင်နယ်ဘက်မှ စိုက်ပျိုးရရှိသော လိုင်ချီးသီးများမှာ တောင်ငူမြို့တွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ တောင်ငူမြို့ရှိဈေးများနှင့် လူစည်ကားရာလမ်းဆုံများတွင် လိုင်ချီးသီးရောင်းချသူများဖြင့် စည်ကားလျက်ရှိပါသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပြီးသောအခါတွင် လိုင်ချီးသီးများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလလယ်ပိုင်းလောက်မှ မေလအစပိုင်းတွင် ရောင်းချသော လိုင်ချီးသီးဈေးနှုန်းဈေးကွက်အနေဖြင့် (၅၀)ကျပ်သားခန့်အင်ဖက်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်လျှင် (၈၀၀၀) ကျပ်နှင့် အလေးချိန်အနည်းငယ်လျော့သော အထုပ်တစ်ထုပ်လျှင် (၆၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။
တောင်ငူမြို့တွင်းမှ ဖြတ်သန်းသွားလာကြသော ခရီးသွားပြည်သူများ၊ ဒေသတွင်းရှိမြို့များနှင့် တောင်ငူအနောက်ဘက်ရှိ အမြန်လမ်းများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း တောင်ငူမြို့ ဈေးလမ်းထောင့်တွင် လိုင်ချီးသီးရောင်းချနေသူတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)