
ပြည်ဈေးကွက်အတွင်း ရောင်းချနေသော မုန်လာဥနီမှာ ယိုးဒယားမျိုး မုန်လာဥနီနှင့် ဗမာမျိုး မုန်လာဥနီတို့ဖြစ်ပြီး ယိုးဒယားမျိုးမှာ ရှမ်းပြည်ဘက်မှ အဝင်ရှိသဖြင့် ယခုကဲ့သို့ ပူပြင်းသည့် နွေရာသီကာလတွင် ယိုးဒယားမျိုးမှာ ဗမာမျိုးထက် နူးညံ့မှုရှိသည့်အတွက် အထားမခံဘဲ ရိခြင်းများဖြစ်ပေါ်သောကြောင့် (၃)ပတ်ခြားတစ်ကြိမ်သာအဝင်ရှိနေသည်။ ယိုးဒယားမျိုး မုန်လာဥနီမှာ တစ်ပိဿာလျှင် ကျပ် (၆၀၀၀-၇၀၀၀) နှုန်းရှိပြီး အဝင်မှာ တစ်ကြိမ်လျှင် ၆ပိဿာ/ ၇ပိဿာခန့် အဝင်ရှိကာ အဝင်ရှိသလောက်သာ အရောင်းအဝယ်ဖြစ်နေသည်။
ဗမာမျိုးမုန်လာဥနီမှာ ပြည်ဈေးကွက်သို့ မှော်ဇာ၊ ပုတီးကုန်း၊ သဲကုန်း၊ ဇီးအုပ်၊ နတ်တလင်း စသည့်ရွာများမှ ၃ရက်ခြားတစ်ကြိမ်အဝင်ရှိနေပြီး တစ်ကြိမ်လျှင် ၃ပိဿာ/ ၄ပိဿာခန့်အဝင်ရှိနေသည်။ အရောင်းအဝယ်မှာ အဝင်ရှိသလောက် ရောင်းဝယ်မှုဖြစ်နေပြီး ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်ဈေးနှုန်းအရ တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀) နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)