![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/105_36.jpg?itok=fChN3ZfQ)
ပြည်ပဲမျိုးစုံဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက်ဒေသများအပြင် ပေါင်းတလည်၊ ပေါက်ခေါင်းဒေသများမှလည်းဝင်ရောက်ခဲ့ပါသည်။ တစ်ရက်လျှင် အိတ် (၂၀၀-၃၀၀) ကျော်ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်းလက်လီ/ လက်ကားသမားများအပြင် ရန်ကုန်ဝယ်လက်များကလည်း လက်ကားဝယ်ယူမှုရှိသောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် တစ်တင်းလျှင် ၆၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြပြီး ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ကျပ်၅၀၀၀၀အောက်သာရရှိခဲ့ပြီး ပဲဈေးကွက်မှာလည်း ဈေးအနိမ့်ဖြင့်သာရောင်းဝယ်ခဲ့သည့် ပဲသီးနှံမှာ ယခုနှစ်တွင်မူ အခြားပဲများနည်းတူ ဈေးနှုန်းများမြင့်တက်လာသောကြောင့် ယခင်နှစ်ထက် ဈေးပိုရနေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)