ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိနေသည့် ပြည်ပဲကြီးသီးနှံ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း  ပဲကြီးသီးနှံသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိသောကြောင့် ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကြပြီး လက်လီ/ လက်ကားအဝယ်ရှိသည့်အတွက် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ (ကုန်းပဲ) တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုဖြစ်ကြပါသည်။   ယခင်နှစ်များတွင် ပဲကြီးသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်းရနေသည့်အတွက် ဈေးကွက်အတွင်း  မတ်ပဲ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုမြင့်ခဲ့သော်လည်း  ယခုနှစ်တွင်မူ ပဲကြီးသီးနှံဈေးအနေဖြင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးလျော့နည်းကာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)