ချင်းကို လူအများက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည့်အပြင် ဓားလှီးချင်းကို ချင်းသုပ်သုပ်၍လည်းစားသုံးကြပါသည်။ အသားဟင်းများချက်ရာတွင်လည်း ချင်းသည် မပါမဖြစ် အသုံးဝင်သော မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ချင်းထွက်ရှိမှုမရှိဘဲ ချင်းထွက်ရှိရာဒေသဖြစ်သော အောင်ပန်းမှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဧပြီလ တတိယပတ်မှစ၍ ချင်းဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မေလ ပထမပတ်တွင် ချင်းဈေးနှုန်းမှာ လက်ကားဈေးတစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်ရှိပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ပိဿာချိန် ၂၀၀ခန့်အရောင်းအဝယ်ဖြစ်ပြီး ယခင်ကာလများထက် အရောင်းအဝယ်ပိုဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)